မြန်မာနိုင်ငံမှာရှိတဲ့
မိုလ်ဘိုင်းဖုန်းတွေရဲ့ ခေါ်ဆိုခကို ဒီဘဏ္ဍာရေး နှစ်အတွင်းမှာ တစ်မိနစ် ၅၀
ကျပ်ကနေ အဲ့ဒီထက်သက်သာတဲ့ နှုန်းထားနဲ့ ထပ်မံလျော့ချသွားမယ်လို့ ဒီကနေ့
ပြည်သူ့ လွှတ်တော် မှာ ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ကျင်းပတဲ့
ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်
နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားလိုက်တာပါ။
"ကျနော်တို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ ယခုအချိန်မှာ
ဝန်ခံရမယ်ဆိုရင် တယ်လီဖုန်း ပြောဆိုခတင်မက အခြား ကောက်ခံတဲ့ အခွန်အခများ
ခေတ်နဲ့လျော်ညီမှု မရှိတော့ပါဘူး၊ အဲဒါတွေ အတွက် ခေတ်နဲ့လျော်ညီမှု
ရှိစေရန်အပြင် အိမ်နီးချင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီးတော့ ကွာဟချက်
နည်းပါးရန်အတွက် ကျနော်တို့ ပြန်လည် သုံးသပ်ပြင်ဆင်ပြီး ဆောင်ရွက်လျှက်
ရှိပါတယ်၊ ခေါ် ဆိုခ နှုန်းထားများကို လျော့ချ ဆောင်ရွက်ခြင်းကို
ယခုဘဏ္ဍရေးနှစ် အတွင်းမှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။"
မိုလ်ဘိုင်းဖုန်းတွေ ခေါ်ဆိုခ တစ်မိနစ် ၅၀ ကျပ်ကနေ ၅ ကျပ်နှုန်းအထိ
မြန်မာ့ဆက်သွယ်ရေးက လျှော့ချပေးဖို့ အစီစဉ်ရှိ၊ မရှိကို လသာ မဲဆန္ဒနယ်က
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့် က လွှတ်တော်ကို မေးမြန်းရာမှာ
ဝန်ကြီးဦးသောင်းတင်က ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ
မိုလ်ဘိုင်းဖုန်းတွေက ခေါ်ဆိုခ တစ်မိနစ် ၅၀ ကျပ် မြန်မာ့ဆက်သွယ်ရေးက သတ်မှတ်
ထားပြီး တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ဖုန်းခေါ်ဆိုခ နှုန်းထားတွေ မြင့်မား
နေတယ်လို့ သိရပါတယ်။
Ref: ရတနာပုံသတင်း







0 comments:
Post a Comment