သြဂုတ်လ နောက်ပိုင်း OEM တွေမှာ
အသုံး ပြုလို့ ရအောင် Windows 8.1 ကို Update လုပ်မယ်လို့ Microsoft ရဲ့
CMO နဲ့ CFO Tami Reller က အတည်ပြု ပြောကြား ခဲ့ပါတယ်။ လုပ်ငန်းမှာ Bolster
Functionality ဖြစ်အောင် OS ကို ပြန်ပြင် တာလို့ ပြောပါတယ်။
Windows 8.1 ကို သြဂုတ်လ နောက်ပိုင်းမှာ
OEM Partner တွေနဲ့ အသုံး ပြုလို့ ရပြီ ဆိုတာကို ပြောခွင့် ရတဲ့ အတွက် တကယ်
ဝမ်းသာ ပါတယ်။ ဆိုလိုတာ ကတော့ Holiday Device အများစုမှာ Windows 8.1
တွေကို အသုံး ပြုနိုင် တော့မယ့် သဘော ပါလို့ Houston မှာ ကျင်းပပြီး
လူပေါင်း တစ်သောင်း ခွဲကျော် တက်ရောက် ခဲ့တဲ့ Microsoft’s Worldwide
Partner Conference မှာ Reller က ပြောခဲ့ ပါတယ်။
Windows 8.1 ကို အလွယ်တကူ သုံးလို့
ရတော့မှာ ဖြစ်ပြီး လူတွေ အနေ နဲ့လည်း ယုံယုံ ကြည်ကြည် ၀ယ်ယူ နိုင်တဲ့ အပြင်
လအနည်းငယ် အတွင်း မှာတင် တခြား ပိုကောင်း တာတွေကို သုံးလို့ ရတော့မှာ
ဖြစ်တယ်လို့ ပြောပါတယ်။
ဒီနှစ်ကို Year of 8 လို့တောင် ခေါ်နိုင်
မှာပါ။ ဘာလို့လဲ ဆိုတော့ Windows 8, Windows Phone 8 တို့ကို ထုတ်လုပ်
လို့ပဲ ဖြစ်ပါတယ်။ Windows 8 ခဏတာ အမှတ် ရစရာ ဖြစ်ဖို့ တစ်ခုတည်း အတွက်
ထုတ်တာ မဟုတ်ဘဲ (၁၉၉၅) ခုနှစ် ထဲက စခဲ့တဲ့ Windows ကို Replatforming
လုပ်တာ ဖြစ်ပြီး Windows 8 နဲ့ ပတ်သက် ပြီးတော့လည်း ဝေဖန် မှုတွေ အများကြီး
ပြန်ရခဲ့ တယ်လို့ ပြောခဲ့ ပါသေးတယ်။
ကျွန်တော် တို့ဟာ Windows 8 နဲ့
ပတ်သက်ပြီး အများကြီး ကောင်းအောင် ကြိုးစား ခဲ့ရ ပါတယ်။ အခု အချိန် မှာလည်း
Windows 8.1 နဲ့ ပတ်သက်ပြီး အချိန် အများကြီး ပေးပြီးတော့ သင်ယူ လေ့လာပြီး
ဝေဖန်မှု တွေကို နားထောင် ပြီးတော့ ပိုကောင်းအောင် ကြိုးစား သွားမယ်လို့
ပြောပါတယ်။
Reference: Itpro.co.uk
Credit : itnew







0 comments:
Post a Comment